ပုသိမ်ခရိုင်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်

2025-05-21

ပုသိမ် မေ ၂၀ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပုသိမ်ခရိုင်ဘဏ်ခွဲတွင် ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ပုသိမ်ခရိုင်ဘဏ်ခွဲတွင် ကျင်းပသည်။ ရှင်းလင်းပြောကြား ဦးစွာ ဧရာဝတီတိုင်းဒေသကြီးမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းမန်နေဂျာ ဦးဝင်းနိုင်က အမှာစကားပြောကြားပြီး ခရိုင်မန်နေဂျာ ဒေါ်နွယ်နွယ်ဝင်းက၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေမူဝါဒ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းမန်နေဂျာ ဦးဝင်းနိုင်နှင့် ခရိုင်မန်နေဂျာ တို့က ပုသိမ်ခရိုင် မိုးကုတ်ကျေးရွာအုပ်စု မှ တောင်သူ ၈၁ ဦး၏ မိုးစပါးစိုက် ဧက ၆၀၇ ဧကအတွက် တစ်ဧကလျှင် တစ်သိန်းငါးသောင်းနှုန်းဖြင့် ငွေကျပ်သိန်း ၉၁၀၅၀၀၀၀ ကို တောင်သူများ လက်ဝယ် အရောက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။