မြန်အောင်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

2025-05-21

မြန်အောင် မေ ၂၀ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေကို တစ်ဧကလျှင် တစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြန်အောင်ဘဏ်ခွဲမှ မေ ၁၉ ရက်က စတင်ထုတ်ချေးပေး လျက်ရှိသည်။ ဆွေးနွေးပြောကြား ထိုသို့ဆောင်ရွက်ပေးရာတွင် မြန်အောင်မြို့နယ်စီမံကိန်း ဦးစီးမှူးလက်ထောက်ညွှန်ကြား ရေးမှူး ဦးသန်းစိုးဦးက လယ်သမားများနှင့်တွေ့ဆုံ၍ စိုက်ပျိုးစရိတ်ချေးငွေများကို လယ်ယာမြေ အတွက် အကျိုးရှိစွာအသုံးပြုရန်၊ မိုးစပါးအထွက်နှုန်းတိုးတက်ရေး၊ ကြဲခင်းစနစ်ပပျောက်ရေး ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ကြသည်။ ထို့နောက်မြန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မြို့နယ်မန်နေဂျာ ဒေါ်စုစုခိုင်က တောင်သူများကို ချေးငွေထုတ်ချေးသည့် စာချုပ်ပါစည်းကမ်းချက်များကို ရှင်းလင်း ပြောကြားသည်။ မြန်အောင်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၅၇ အုပ်စုရှိ တောင်သူ ၁၀၂၀၀ ကျော်တို့၏ လယ်ယာမြေဧက ၆၅၅၆၄ ဧက အတွက် ငွေကျပ်၉၈၃၄၆.၀၀သိန်းကို ချေးငွေထုတ်ချေးရန် လျာထားပြီး စတင်ထုတ်ချေးသော ညောင်ဝိုင်းကျေးရွာအုပ်စုမှတောင်သူ ၇၈ ဦး လယ်ယာမြေ ဧက ၄၀၀ အတွက် ငွေကျပ်သိန်း ၆၀၀. ၀၀ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။