ဖျာပုံမြို့၌ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

2025-05-21
ဖျာပုံ မေ ၂ဝ ဖျာပုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ များ စတင်ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးခန်းမ၌ စတင်ထုတ်ချေးပေးရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦး၊ ဒုတိယ အထွေထွေမန်နေဂျာ ဦးမျိုးမြင့်ဦး၊ ဒုတိယအထွေထွေမန်နေဂျာ ဦးမိုးဟိန်း၊ ဖျာပုံခရိုင် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးခင်မောင်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းတို့က ဖျာပုံမြို့နယ် တင်ပုလွဲကျေးရွာအုပ်စုမှ တောင်သူ ၁၁၄ ဦး၊ စိုက်ပျိုးမြေ ၁၀၉၆ ဧကအတွက် တစ်ဧကလျှင် စိုက်ပျိုးစရိတ် ချေးငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် စုစုပေါင်းစိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၆၄၄ သိန်းကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးသည်။