ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်)နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချူပ်)တို့အား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ

2025-06-04
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဇွန်လ(၂)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်)သို့ရောက်ရှိရာ အစည်းအဝေးခန်းမ၌ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများနှင့် ဌာနတာဝန်ခံများက လုပ်ငန်းဆောင် ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ အာမခံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူလူထုအတွက် အထောက်အကူရရှိစေမည့် အာမခံ အကာအကွယ်လုပ်ငန်းများဖြစ်စေရေး၊ မန္တလေးငလျင်ကြီးကြောင့် အစိုးရနှင့်ပုဂ္ဂလိက တို့က ထိခိုက်ပျက်စီး ဆုံးရှုူံးမှုများအတွက် အာမခံလျော်ကြေးများ စနစ်တကျနှင့် မြန်ဆန်စွာ တွက်ချက်ထုတ်ပေးနိုင်ရေး၊ အရာထမ်း၊ အမှုထမ်းများ အားလုံးစည်းလုံး ညီညွတ်စွာဖြင့် ပြည်သူလူထုက ယုံကြည်အားကိုးသည့် မြန်မာ့အာမခံလုပ်ငန်း ဖြစ်စေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး တိုက်တွန်းမှာကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အာမခံ လုပ်ငန်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်အစိုးရနှင့်ဝန်ကြီးဌာနက လမ်းညွှန် မှာကြားချက်များကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များကိုပေါင်းစပ် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)သို့ သွားရောက်ရာ ရုံးချုပ်အစည်းအဝေးခန်းမ၌ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများနှင့် ဌာနတာဝန်ခံများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြ ပါသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ လက်ရှိ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအပေါ် သုံးသပ်အကြံပြုခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ခရိုင်နှင့်မြို့နယ် ချေးငွေအကြံပေးအဖွဲ့များနှင့် ညှိနှိုင်း ပေါင်းစပ်၍ ကြွေးကျန်များ ပြန်လည်ရရှိရေးအတွက် စီမံချက်ချမှတ်ဆောင်ရွက်ရေး၊ မလိုလားအပ်သော အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ် အမှုအခင်းများ ကျဆင်းပပျောက် ရေးအတွက် ဝိုင်းဝန်းကြပ်မတ်ထိန်းသိမ်းရေး၊ တောင်သူများအတွက် အထောက် အကူပြုသည့်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို စနစ်တကျဆောင်ရွက်ရေး လမ်းညွှန် မှာကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ လမ်းညွှန်မှာကြားခြင်း၊ တင်ပြချက်များအား ဖြည့်ဆည်းဆောင်ရွက် ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။