လွိုင်လင်ခရိုင် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေး

2025-05-21

လွိုင်လင် မေ ၂ဝ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက်ပိုင်းမှ စ၍ ထုတ်ချေးပေးလျက်ရှိသည်။ လွိုင်လင်ခရိုင်အတွင်းရှိ လွိုင်လင်၊ လဲချား၊ မိုင်းကိုင်မြို့နယ်များ၌ စပါး နှင့် ပြောင်းစိုက် တောင်သူ ၁၆၀၈ ဦးတို့၏ စပါးစိုက်ဧက ၁၀၃၈၈ နှင့် ပြောင်းစိုက်ဧက ၁၇၄ ဧကတို့အတွက် စပါးတစ်ဧကလျှင် ချေးငွေ ငွေကျပ် ၁၅၀၀၀၀၊ ပြောင်းတစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် စုစုပေါင်းချေးငွေကျပ် ၁၅၇၅၆ သိန်းကို ထုတ်ချေးရန်လျာထားသည်။ မေ ၂၀ ရက်တွင် လွိုင်လင်မြို့နယ် လွိုင်လင်အရှေ့ကျေးရွာအုပ်စု မှ စိုက်ပျိုးတောင်သူ ၁၀၉ ဦးတို့၏ စပါး၊ ပြောင်းစိုက်ပျိုးဧက ၈၀၈ ဧကအတွက် ချေးငွေကျပ်သိန်း ၁၁၈၀ ကို ထုတ်ချေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။