ကျိုက်လတ်မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

2025-05-21
ကျိုက်လတ် မေ ၂၀ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်၌ ၂၀၂၅ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းအခမ်းအနားကို မေ၁၉ရက်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ကျင်းပသည်။ အခမ်းအနားတွင် ကျိုက်လတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်နွယ်နွယ်ဝင်းက မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စုအလိုက်ထုတ်ချေးမည်ဖြစ်ပြီး အချိန်စေ့ကြွေးပြေကျေသည့် တောင်သူများကိုသာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးသော တောင်သူများကို ချေးငွေထုတ်ချေးသည့် စာချုပ်ပါ စည်းကမ်း ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က္ဋဌ ဦးမင်းအောင်တို့က ဒေါပုံကျေးရွာနေ တောင်သူ ၉၇ဦး၊ ဧက ၆၄၄ ဧက၊ ချေးငွေကျပ် ၉၆၆ သိန်းအား တောင်သူများထံ လက်ဝယ်အရောက်ထုတ်ချေးပေးသည်။