ပုသိမ်ကြီးမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများပေးအပ်

2026-05-21

ပုသိမ်ကြီး မေ ၂၁ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။