မိတ္ထီလာမြို့၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်
2026-05-20
မိတ္ထီလာ မေ ၂၀ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မိတ္ထီလာခရိုင်ဘဏ်ခွဲ၏ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနခန်းမ၌ ကျင်းပသည်။