မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး

2025-05-20
ရေကြည် မေ ၁၉ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ယနေ့နံနက် ပိုင်းက မိုးစပါးစိုက်တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ရေကြည်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ထုတ်ချေးပေးရန် တောင်သူ ပေါင်း ၆၄၄၅ ဦး၊ စိုက်ပျိုးမည့်ဧက ၄၅၄၇၀၊ ချေးငွေကျပ် ၆၈၂၀၅ သိန်းကိုလျာထားလျက်ရှိပြီး ယနေ့တွင် တောင်လယ်ကျေးရွာအုပ်စု၌ တောင်သူ ၂၈ ဦး၊ စိုက်ဧက ၁၉၅ ဧက၊ ငွေကျပ် ၂၉၂၅၀၀၀၀ ကို စတင်ထုတ်ချေးပေးခဲ့သည်။ ရေကြည်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးသည့် ကျေးရွာအုပ်စု ၈၁ အုပ်စုရှိရာ တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် မေ ၁၉ ရက်မှ စတင် ၍ စက်တင်ဘာလကုန်အထိ စိုက်ပျိုးစရိတ်ချေးငွေ များကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရေကြည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။