ပေါင်းတည်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

2026-05-17

ပေါင်းတည် မေ ၁၇ ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ပွဲကို မေ ၁၂ ရက်က မြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခန်းမ၌ ကျင်းပရာ မြို့နယ်ချေးငွေအကြံပေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ် ရေးမှူးက အမှာစကားပြောကြားပြီး မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာက စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရေးလုပ်ငန်းအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။