သာပေါင်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

2025-05-20

သာပေါင်း မေ ၁၉ ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့နံနက်ပိုင်းက စတင်ထုတ်ချေးပေးသည်။ ရှင်းလင်းမှာကြား သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးဇင်မင်းသိုက် က ချေးငွေထုတ်ချေးခြင်းနှင့် ပတ်သက်ပြီး လိုက်နာရမည့် စည်းကမ်းချက်များ၊ စိုက်ပျိုးစရိတ် ချေးငွေစာချုပ်ပါ အချက်ရှစ်ချက်ကို အကျယ်တဝင့် ရှင်းလင်းပြီး တောင်သူများအား မိုးစပါးစိုက်ပျိုး စရိတ် ချေးငွေများ ကိုတစ်ဧကလျှင် ကျပ်တစ်သိန်းခွဲ နှုန်းတစ်နှစ်၅ရာခိုင်နှုန်းအတိုးဖြင့် ထုတ်ချေး ပေးခြင်းဖြစ်ကြောင်း၊ ချေးငွေများ ထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေများ အချိန်မီ ပြန်လည် ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေး ထုတ်ချေးပေးလျက် ရှိကြောင်းနှင့် စိုက်ပျိုးစရိတ် ချေးငွေများကိုအကျိုးရှိစွာ သုံးစွဲစေရေးတို့ကို ရှင်းလင်းမှာကြားခဲ့ကာ သစ်ပုတ်ကုန်း ကျေးရွာအုပ်စုရှိ တောင်သူ ၁၂၀ ၏ စိုက်ပျိုးဧက ၉၈၇ ဧကအတွက် ချေးငွေ ကျပ် ၁၄၈၀၅၀၀၀၀ ကို တောင်သူများ လက်ဝယ်သို့ ထုတ်ချေးပေးခဲ့သည်။ ဆက်လက်ထုတ်ချေးပေး မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို မေလမှ စက်တင်ဘာ လအထိ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း၊ ယခင်နှစ်ကြွေးကျန် ရှိသည့် တောင်သူများအနေဖြင့် လည်း ကြွေးကျန်များ ပေးဆပ်ပြီး ပါက ဆက်လက်ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ် အတွင်း ကျေးရွာအုပ်စု ၅၉ အုပ်စု ရှိ တောင်သူ ၅၆၃ဝ၉ ဦးတို့၏ လယ်ယာမြေ ၃၆၃၄၄ ဧကကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ငွေချေးရန် လျာထားကြောင်းတို့ကို မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ် ဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဦးဇင်မင်းသိုက်ထံမှ သိရသည်။