ဒိုက်ဦးမြို့၌ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

2025-05-20

ဒိုက်ဦး မေ ၁၉ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် မိုး(စပါး) စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပ သည်။ အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးနေလင်းက တောင်သူများ အား ချေးငွေစည်းကမ်းသတ်မှတ်ချက်များ ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဒိုက်ဦးမြို့နယ် ဘဏ်ခွဲအနေဖြင့် ယနေ့ ကျေးရွာအုပ်စု တစ်အုပ်စု ဧက ၃၄၀ အတွက် ငွေကျပ်သိန်း ၅၁၀ ထုတ်ချေးပေးခဲ့သည်။ ထို့နောက် မန်နေဂျာက တောင်သူတစ်ဦးအား ချေးငွေပေးအပ်ခြင်း အခမ်းအနားပြုလုပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။