ကြာအင်းဆိပ်ကြီးမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်တိုးမြှင့်ချေးငွေပေးအပ်
2026-05-14
ကြာအင်းဆိပ်ကြီး မေ ၁၄ ကရင်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘဏ်ခွဲက မိုးရာသီစိုက်ပျိုးစရိတ် တိုးမြှင့်ထုတ်ချေးငွေပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ် သာခန်းမ၌ကျင်းပသည်။