မြန်အောင်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

2026-05-14

မြန်အောင် မေ ၁၄ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကို မေ ၁၂ ရက်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြန်အောင် ဘဏ်ခွဲ၌ ကျင်းပသည်။