ဇီးကုန်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်များ တိုးမြှင့်ထုတ်ချေး

2026-05-14

ဇီးကုန်း မေ ၁၄ ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက် (၁၀၀) စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးခြင်း အခမ်းအနားကို မေ ၁၂ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။