မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး

2025-05-20

ကျုံပျော် မေ ၁၉ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက စတင်ထုတ်ချေးရာ ဦးစွာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာတို့က တောင်သူ များနှင့်တွေ့ဆုံ၍ စိုက်ပျိုးစရိတ်ချေးငွေကို သွင်းအားစုလုပ်ငန်းများတွင် စနစ်တကျအသုံးပြုရန် အမှာစကားပြောကြားပြီး ကျီးအိုင်ကျေးရွာအုပ်စုမှ တောင်သူ ၁၂၄ ဦး၏ စိုက်ပျိုးဧက ၆၉၂ ဧကသို့ တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ငွေကျပ် ၁၀၃၈ သိန်း စတင်ထုတ်ချေးခဲ့သည်။ ကျုံပျော်မြို့ နယ်တွင် ကျေးရွာအုပ်စု ၉၇ အုပ်စုရှိ စိုက်ဧက ၈၃၁၅၄ ဧကအတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကိုထုတ်ချေးရန် လျာထားပြီး မေ ၁၉ ရက်မှ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ အချိန်စေ့လွန်ကြွေးကျန်များနှင့် အချိန်စေ့ကြွေးများ အားလုံး ပြေကျေသူများကို ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ချေးငွေရာနှုန်းပြည့်ပြေကျေသော ကျေးရွာအုပ်စု များကို ဦးစားပေးထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။