ညောင်လေးပင်မြို့၌ ၂၀၂၅မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်

2025-05-20
ညောင်လေးပင် မေ ၁၉ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအတွက် မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား ယနေ့နံနက်ပိုင်း ၁၁ နာရီက အဆိုပါရုံး၌ စတင်ထုတ်ပေးလျက်ရှိသည်။ ဦးစွာမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုး၊ ဒုတိယတိုင်းဒေသကြီးမန်နေဂျာ၊ ခရိုင်မန်နေဂျာနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်တို့က ငွေချေးယူသူတောင်သူများအား ချေးငွေစည်းကမ်းချက်များ ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ညောင်လေးပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ယနေ့ တောင်သူဦးရေ ၈၄ ဦး၊ ၆၂၂ ဧကအတွက် ငွေကျပ် ၉၃၃.၀၀ သိန်း ထုတ်ချေးပြီး ၂၀၂၅ ခုနှစ် မိုးရာသီ ချေးငွေတစ်ရပ်လုံးအတွက် မြို့နယ်ချုပ်အနေဖြင့် ငွေကျပ် သိန်း ၁၁၁၃၇.၂၀ လျာထားထုတ်ချေး ပေးမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်ရီရီချိုထံမှ သိရသည်။