မိုးညှင်းမြို့၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေး

2026-05-13

မိုးညှင်း မေ ၁၃ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့ နံနက် ၁၀ နာရီက ရွာသစ်ကုန်းကျေးရွာမှ တောင်သူ ၄၀ တို့၏ လယ်ယာမြေ ၂၀၂ ဧကအတွက် မိုးစပါး တစ်ဧကလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် ချေးငွေကျပ် စုစုပေါင်း ၆၀၆ သိန်းအား အဆိုပါဘဏ်ခွဲ၌ တာဝန်ရှိသူများက ထုတ်ချေးပေးလျက်ရှိသည်။