တောင်သူများသို့ အသိပေးကြေညာခြင်း

၁။ ပြည်ထောင်စုအစိုးရအဖွဲ့သစ်အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဦးစားပေးဆောင်ရွက်မည့် ကိစ္စရပ်များတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေနှုန်းထား တိုးမြှင့်ထုတ်ချေးမည့် အစီအစဉ်နှင့် လယ်ယာသုံးစက်ကိရိယာချေးငွေများ ထုတ်ချေးမည့် အစီအစဉ်တို့အား တောင်သူလယ်သမားဦးကြီးများသို့ အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။ ၂။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးရာသီချေးငွေကာလမှစတင်၍ စိုက်ပျိုးစရိတ်ချေးငွေနှုန်းထား တိုးမြှင့်ထုတ်ချေးမည်ဖြစ်ရာ သီးနှံအမျိုးအစားအလိုက် တိုးမြှင့်ထုတ်ချေးမည့်နှုန်းထား၊ ချေးငွေအတိုးနှုန်းနှင့် စတင်ထုတ်ချေးမည့် ကာလသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) ထုတ်ချေးမည့် ချေးငွေနှုန်းထား- စဉ် | သီးနှံအမျိုးအစား | လက်ရှိချေးငွေ | တိုးမြှင့်နှုန်း (၁) | စပါး၊ ဂျုံနှင့် ချဉ်ပေါင်လျှော် (မျိုးစေ့ထုတ်) | ၁၅၀,၀၀၀ ကျပ် | ၃၀၀,၀၀၀ ကျပ် (၂) | အခြားသီးနှံ (၁၈) မျိုး | ၁၀၀,၀၀၀ ကျပ် | ၂၅၀,၀၀၀ ကျပ် (၃) | ပန်းနှမ်း၊ ဆီအုန်းညှင်း၊ ဂုန်လျှော် | ၁၀၀,၀၀၀ ကျပ် | ၁၅၀,၀၀၀ ကျပ် (ခ) ချေးငွေအမျိုးအစားနှင့် ထုတ်ချေးကာလ- စဉ် | ချေးငွေအမျိုးအစား | ထုတ်ချေးကာလ (၁) | မိုးချေးငွေ | ၂၀၂၆ ခုနှစ်၊ မေလမှ စတင်ကာလကုန်အထိ (၂) | ဆောင်းချေးငွေ | ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ (၃) | မိုးကြိုချေးငွေ | ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လကုန်အထိ (ဂ) ချေးငွေအတိုးနှုန်း - (၁) နှစ်လျှင် ၅% (ဃ) စတင်ထုတ်ချေးမည့်ရက် - ၁၂-၅-၂၀၂၆ (၂၀၂၆ ခုနှစ် မေလ ၁၂ ရက်) (င) အာမခံ (အပေါင်) ရယူမှု - လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မူရင်း။ ၃။ လယ်ယာသုံးစက်ကိရိယာချေးငွေဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) ချေးငွေပမာဏ: ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၃၀၀ အထိ တစ်ကဏ္ဍ၊ ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၅၀၀ အထိ တစ်ကဏ္ဍ။ (ခ) အတိုးနှုန်း: (၁) နှစ်လျှင် ၆% (ဂ) ချေးငွေသက်တမ်း: နှစ်ချင်းဆပ် (၁) နှစ်၊ နှစ်တို (၃) နှစ်၊ နှစ်ရှည် (၅) နှစ်။ (ဃ) ချေးငွေလျှောက်ထားနိုင်သူများ: တောင်သူလယ်သမားများ၊ လယ်ယာကုန်ထုတ်လုပ်ငန်းရှင်များ။ (င) ထုတ်ချေးနိုင်သည့် စက်ကိရိယာများ: လက်တွန်းထွန်စက်၊ ထော်လာဂျီ၊ ရေစုပ်/ရေတင်စက်၊ ဆိုလာရေတင်စက်၊ မျိုးစေ့ချစက်၊ လယ်ထွန်စက်အသေး၊ ရိတ်ခြွေစက်အသေး၊ ပဲခွဲစက်၊ ကောက်စိုက်စက်၊ အခြောက်ခံစက် (Dryer)၊ သိုလှောင်ရုံ (Silo)၊ ဆန်စက် အစရှိသည့် စက်ကိရိယာများ။ (စ) အာမခံရယူမှု: လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)၊ မြေ၊ ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ (လန-၃၉)၊ မြေနှင့်ယင်းမြေပေါ်တွင်တည်ရှိသည့် အဆောက်အဦးများ၊ စက်ပစ္စည်းများ၊ လုပ်ငန်းသုံးယာဉ်များ။ အခြားပုံသေရပိုင်ခွင့်များ [အာမခံလုံလောက်ပါက စက်ကိရိယာ တစ်မျိုးထက်ပို၍ဝယ်ယူနိုင်ပါသည်။] (ဆ) ဦးစားပေးမှု: တောင်သူလယ်သမားများ၊ သမဝါယမအသင်းဝင်များ။ (ဇ) စတင်ထုတ်ချေးမည့်ကာလ: ၂၀၂၆ ခုနှစ်၊ မေလမှ စတင်ထုတ်ချေးမည်ဖြစ်ပါသည်။ ၄။ နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူများနှင့် တောင်သူလယ်သမားဦးကြီးများ၏ လယ်ယာထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်း (Agro-based Industry) တည်ဆောက်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ပေးသည့် စိုက်ပျိုးရေးနှင့် လယ်ယာသုံးစက်ကိရိယာချေးငွေရယူလိုသော တောင်သူများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတစ်ဝန်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သက်ဆိုင်ရာခရိုင်/မြို့နယ်ဘဏ်ခွဲများသို့ အမြန်ဆုံးဆက်သွယ်ကြပါရန် လေးစားစွာဖြင့် ထပ်မံအသိပေးကြေညာအပ်ပါသည်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန